သတင်းများ

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် 5 S & Energy Management သင်တန်း ဖွင့်လှစ်ပို့ချခြင်း

Posted Date : ၀၂-၀၇-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/436ae67bb3acf9ec4396d79bbfc706b1.jpg

          စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တောင်ဒဂုံစက်မှုဇုန် (၁)၊ စက်မှုဇုန်(၂)နှင့် စက်မှုဇုန်(၃) တို့ရှိ စက်ရုံဝန်ထမ်း(၄၉)ဦးတို့အား ၂၇.၆.၂၀၁၉ ရက်နေ့မှ ၂၈.၆.၂၀၁၉ ရက်နေ့အထိ တောင်ဒဂုံစက်မှုဇုန်(၁)ခန်းမတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် 5 S & Energy Management သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါသည်။


               သင်တန်း တွင် သင်တန်းဆရာများက သင်တန်းသားများအား စာတွေ့သင်ကြား ပေးခြင်း၊ စာတွေ့သင်ကြား ပေးမှုအပေါ် အခြေခံပြီး စိုးလျှပ်စစ်ပစ္စည်းများထုတ်လုပ်ရေးစက်ရုံ သို့ သွားရောက်၍ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားများအား စာတွေ့သင်ကြားမှု၊ လက်တွေ့ကွင်းဆင်းလေ့လာတွေ့ရှိမှုများအား အုပ်စုလိုက်ဆွေးနွေးစေခဲ့ပါသည်။

               အဆိုပါ သင်တန်း၊ သင်တန်းဆင်းပွဲ၌ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (2018~2020) ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံကို ငြိမ်းချမ်း၍ သာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် မြန်မာနိုင်ငံတော်အဖြစ် MSDP က မျှော်မှန်း၍ ဆောင်ရွက်နေပါကြောင်း၊ MSDP တွင် မဏ္ဍိုင်(၃) ရပ်၊ ပန်းတိုင်(၅)ခု၊ မဟာဗျူဟာ(၂၈)ခု၊ လုပ်ငန်းအစီအစဉ်(၂၅၁) ခုတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ပန်းတိုင်(၃)တွင် အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကဏ္ဍ ဦးဆောင်သောစီးပွားရေး တိုးတက်မှု ကဏ္ဍပါဝင် ဖော်ဆောင်ထားပါကြောင်း၊ စက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုး လာရေးအတွက် အသိပညာပြည့်ဝပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှုသည်လည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အနေဖြင့် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ စက်မှုဇုန်များတွင် စက်ရုံဝန်ထမ်းများအား သင်တန်းပို့ချပေးလျက်ရှိပါကြောင်း၊ ယခုတက်ရောက်လာတဲ့ သင်တန်း သားများအနေဖြင့် ယခုပို့ချပေးလိုက်သော 5 S & Energy Management ဘာသာရပ်နှင့် လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များမှ သင်ခန်းစာများအား မိမိတို့ စက်ရုံတွင် လက်တွေ့လိုက်နာကျင့်သုံးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။



436ae67bb3acf9ec4396d79bbfc706b1.jpg
00f34d3b9dda54bc9b27f5d4cf3b015f.jpg
1ce8e9b9a8fb875bf2d42b529447c5ec.jpg
c5181d576573262a935e0e0a1b37b6dc.jpg
20006696f10f1b85bdf853c99dc9cb4c.jpg