သတင်းများ

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခြင်း

Posted Date : ၂၀-၀၈-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/9970b40e63fe3a509f3b23405da011c7.jpg

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဌာန၌ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ကို (၁၉.၈.၂၀၁၉)ရက်နေ့မှ (၂၇.၉.၂၀၁၉)ရက် နေ့အထိ ရက်သတ္တ(၆)ပတ် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉.၈.၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီတွင် လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

              သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်၊ လျှပ်စစ်စစ်ဆေးရေးမှ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်၊ သိပ္ပံစာရေးဆရာကြီး ဦးကိုကိုအောင်၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစားဆရာကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့ရှိ လျှပ်စစ်စစ်ဆေးရေးမှူးများ၊ အမှတ်(၂၄) အကြီးစား လုပ်ငန်း (LED) စက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မြင့်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ (၁၀၉)ဦး အပါအဝင် စုစုပေါင်းအင်အား (၁၃၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

              လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၁၉)သို့ စက်မှုဝန်ကြီးဌာနမှ သင်တန်းသား/သင်တန်းသူ (၆)ဦး၊ အခြားဝန်ကြီးဌာနမှ သင်တန်းသား (၁၆)ဦးနှင့် ပြင်ပသင်တန်းသား (၈၇)ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၀၉) ဦး တက်ရောက်လျက်ရှိပါသည်။

               သင်တန်းသား/သင်တန်းသူများအား သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် လျှပ်စစ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာများ ပိုမိုသိရှိလာစေရန်၊ လျှပ်စစ်လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းကို တစ်နှစ်လျှင်(၂)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခုသင်တန်းမတိုင်မီ သင်တန်း (၄၂)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၃၄၉၇)ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။



9970b40e63fe3a509f3b23405da011c7.jpg
a0f30567f72685f569210c1d6da9f658.jpg
4938edfd2414dd766a4ebe24c78a61bb.jpg
92ff2fff671728211e74f9ef1af1dfca.jpg