News

လျှပ်စစ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခြင်း

Posted Date : 24-12-2018
Posted By : DISI
State/Region : Nay Pyi Taw Headquarter

http://www.disionline.gov.mm/common/fileuploads/d0edc432f93569bd6b1a8b506d34eb49.jpg


ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ကျိုက်ဝိုင်းဘုရားလမ်း၊အမှတ်(၃၅)ရှိစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ ၌ (၂၄.၁၂.၂၀၁၈)ရက်နေ့ နံနက်(၀၈:၀၀) နာရီ တွင် လျှပ်စစ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 



         အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ သိပ္ပံ ဆရာကြီး ဦးကိုကိုအောင်၊ ရန်ကုန်တိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦ:စီးဌာန မှ အရာထမ်း/အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်စစ်ဆေးရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သူ (၈၅) ဦး တက်ရောက်ခဲ့ပါသည်။ 
       သင်တန်းဖွင့်ပွဲအခမ်းအနား၌ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ရာ   ယခုသင်တန်းကို (၂၄.၁၂.၂၀၁၈)ရက်နေ့မှ (၁၅.၂.၂၀၁၉)ရက်နေ့ အထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ၊ စစ်ဆေးရေး ဆိုင်ရာ အတွေ့အကြုံ ရှိ အင်ဂျင်နီယာများ၊ အငြိမ်းစား ဆရာကြီးများနှင့် ပြင်ပ က အတွေ့အကြုံရှိ ပညာရှင် များက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ် အသီးသီး တွင် လျှပ်စစ်ဥပဒေ နှင့် ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမို သိရှိလာစေရန်၊ လျှပ်စစ်လုပ်ငန်းများကို ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ယနေ့ခေတ်မှာ လျှပ်စစ်သုံးစွဲမှု ပိုမိုများပြားလာတဲ့အတွက် အရည် အချင်းပြည့်ဝတဲ့ လျှပ်စစ်လုပ်သားတွေ ရရှိစေရန် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ် ပို့ချခြင်းဖြစ်ကြောင်း ၊ သင်ကြားခွင့် ရချိန်အတွင်း အရည်အသွေး ပြည့်ဝပြီး ကျွမ်းကျင်မှု ရှိလာစေရန် စည်းကမ်းရှိရှိ လေ့လာ သင်ယူသွားရန် ပြောကြားခဲ့ပါသည်။
       လျှပ်စစ်ကျွမ်းကျင်မှုမွမ်းမံသင်တန်းကို တစ်နှစ်လျှင်(၁)ကြိမ် ဖွင့်လှစ်ပေးလျှက်ရှိရာ ယခုသင်တန်း အပါအဝင် (၈)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ သင်တန်းသား/သူ (၆၁၀) ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။



d0edc432f93569bd6b1a8b506d34eb49.jpg
0d3f05c99b593dada1702b08e3f5b647.jpg
7919248c61187044479dc9b43a195448.jpg
ca328f2d18b019a6589b13ab1110f825.jpg