သတင်းများ

အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉)ဖွင့်လှစ်ခြင်း

Posted Date : ၀၂-၀၇-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/4d0ae51b396790c0fcede0d53b1d181b.jpg

စက်မှုဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမတွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉) ကို (၁.၇.၂၀၁၉)ရက်နေ့မှ (၂၆.၇.၂၀၁၉) ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ခန့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁.၇.၂၀၁၉)ရက်နေ့ နံနက် (၀၉း၀၀)နာရီ တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးထက်က သင်တန်းဖွင့် အမှာ စကား ပြောကြားခဲ့ပါသည်။


            သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်သင်မန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူ (၁၂၂)ဦး အပါအဝင် စုစုပေါင်း (၁၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းတွင် ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၆၀)ဦး၊ ထန်းတလန်မြို့နယ်မှ သင်တန်းသား (၉)ဦး၊ ဖလမ်းမြို့နယ်မှ သင်တန်းသား (၁၈)ဦး၊ တီးတိန်မြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၆)ဦး၊ တွန်းဇန်မြို့နယ်မှ သင်တန်းသား (၆)ဦး၊ မင်းတပ်မြို့နယ်မှ သင်တန်းသား (၃)ဦး၊ မတူပီမြို့နယ်မှ သင်တန်းသား (၁၁)ဦး၊ ပလက်ဝ/ ဆမီးမြို့နယ်မှ သင်တန်းသား (၇)ဦးနှင့် ကန်ပက်လက်မြို့နယ်မှ သင်တန်းသား (၂)ဦး စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၂၂)ဦး တက်ရောက်လျက်ရှိပါသည်။

        အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းများကို ကျေးလက်နေ ပြည်သူများ အား လျှပ်စစ်ဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိစေရေး၊ လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊  လျှပ်စစ်အသုံးပြုသော လုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာ သည့်အပြင် လျှပ်စစ်ကျွမ်းကျင်သူများ ပေါ်ထွက်လာစေခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကာ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့များသို့ သွား ရောက်ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ပါသည်။



4d0ae51b396790c0fcede0d53b1d181b.jpg
6900a17d5db6614c302888ca181fed4b.jpg
95d8010c2a7ba08721bae8e5563f75a0.jpg