သတင်းများ

စက်မှုကုန်ချောထုတ်လုပ်မှုကဏ္ဍအလုပ်အကိုင်ဖန်တီးပေးနိုင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ (၂/၂၀၁၉)အစည်းအဝေးကျင်းပခြင်း

Posted Date : ၁၂-၀၆-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/f73ec91698c4eca2cf8b22d7895281db.jpeg

စက်မှုကုန်ချောထုတ်လုပ်မှုကဏ္ဍအလုပ်အကိုင်ဖန်တီးပေးနိုင်မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏(၂/၂၀၁၉)အစည်းအဝေးကို (၈.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ စက်မှုကုန်ချောထုတ်လုပ်မှုကဏ္ဍအလုပ်အကိုင် ဖန်တီးပေးနိုင်မှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲဉက္ကဌ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကိုယ်စား လှယ်များ၊ ဖွံ့ ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ CESO မှကိုယ်စားလှယ်များ၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဉီးစီးဌာန (နှစ်ရှည် သီးနှံဌာနခွဲ)၊တောင် ဒဂုံစက်မှုဇုန်များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။


အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးတက် ရောက်လာသည့်ကိုယ်စားလှယ်များနှင့်ရော်ဘာစံချိန်စံညွှန်းရေးဆွဲနေမှုကိစ္စများ၊ ရော်ဘာ ဉပဒေရေးဆွဲနေမှုများ၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ နှင့် ဆောင်ရွက်နေမှုများ၊ ရော်ဘာထုတ်လုပ်သူလုပ်ငန်းရှင်များမှ Sustainable Rubber ဖြစ်အောင် ထုတ်လုပ်ရန် ဆောင်ရွက်နေမှုများ၊ Rubber Central Market နှင့် Rubber Industry ထူထောင် နိုင်ရေးကိစ္စရပ်များ၊ ရော်ဘာနှင့် ဆက်စပ်နည်းပညာသင်တန်းများပံ့ပိုးပေးရေးကိစ္စရပ်များ၊ Rubber Board အဖွဲ့ ဖွဲ့စည်းရေးကိစ္စ၊ Rubber Development Fund ထူထောင်ရေးကိစ္စများနှင့် တောင်ဒဂုံစက်မှုဇုန်တွင် 5s နှင့် Energy Management သင်တန်းများအားစက်ရုံဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချသင်ကြားပေးမည့်ကိစ္စများအားဆွေးနွေးခဲ့ပါသည်။အစည်းအဝေးကို နေ့လည်(၁၂:၃၀) နာရီရုပ်သိမ်းခဲ့ပါသည်။



f73ec91698c4eca2cf8b22d7895281db.jpeg
32493d4f3d7cc4ae6a062dda37e02b3f.jpeg
a6c907ec222048bb6c6cf74e8dadaa0c.jpeg
9188264239b56caa89c3659a0bb3e9d5.jpeg
272886515d4adae236ae54d85b8a3988.jpg
4ccea685a38f673207bfd150db41afc0.jpg
ae529d79e34f4e3c785eaf2451fd582c.jpeg
a04cdce3cc936a060e8bb3537d61ffee.jpeg