သတင်းများ

"MSMEs Logo "ပြိုင်ပွဲဝင်လျှောက်လွှာခေါ်ယူခြင်း

Posted Date : ၂၅-၁၂-၂၀၁၈
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/f856695d930ee66f56f4c6b6ab829bb0.png

Logo ပြိုင်ပွဲအတွက် ပြင်ဆင်ချက်

(၁)          ယခင်သတ်မှတ်ထားသော လျှောက်လွှာတင်ရမည့်နောက်ဆုံးရက် (၁၀.၁.၂၀၁၉)          ရက်နေ့အစား(၁၅.၂.၂၀၁၉) ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ပါကြောင်း၊

(၂)           ပြိုင်ပွဲဝင်၏ Logo Design နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် ပူးတွဲပေးပို့ရမည်       ဖြစ်ပါကြောင်း၊

(၃)          ဆုကြေးငွေအား ယခင်သတ်မှတ်ထားသည့် ကျပ် (၁၅) သိန်းထက်ပိုသည့် ထိုက်တန် သော ဆုကို ချီးမြှင့်မည် ဖြစ်ပါကြောင်း၊

 

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပလျက်ရှိသောဒေသတွင်းထုတ်ကုန်ပြိုင်ပွဲများမှ ဆုရလုပ်ငန်းရှင်များ၏ MSMEsထုတ်ကုန်များတွင်တရားဝင်အသုံးပြုမည့် အသိအမှတ်ပြုအမှတ်တံဆိပ်(Logo)ကိုရွေးချယ်မည့်" MSMEs Logo "ပြိုင်ပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူမည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်းဖိတ်ခေါ်ပါသည်။


လျှောက်လွှာများကိုပေးသွင်းရမည့်အစီအစဉ်

(က)  လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်အချိန်   -   ၂၆-၁၂-၂၀၁၈ ရက် မှ  ၁၀-၁-၂၀၁၉   ရက် အထိ   နံနက် (၀၉:၃၀) နာရီမှ ညနေ  (၀၄:၃၀)နာရီအထိ 

     (သတ်မှတ်ချိန်ထက်နောက်ကျပေးပို့သည့်ပြိုင်ပွဲဝင်လျှောက်လွှာများသည်အကျုံးမဝင်ပါ)

(ခ)       ပြိုင်ပွဲကျင်းပမည့်နေ့ရက်နှင့် အချိန်         -   ၁၅-၁-၂၀၁၉ရက် (အင်္ဂါနေ့)  ၊  နံနက်(၀၉:၀၀)နာရီ

(ဂ)       ပြိုင်ပွဲကျင်းပမည့်နေရာ                         -   SME Center ၊ အမှတ်(၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့်မင်းဓမ္မလမ်းထောင့်၊   မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

(ဃ)     လျှောက်လွှာတင်သွင်းရမည့် လိပ်စာ        -   MSMEs Logo ပြိုင်ပွဲကျင်းပရေးဘုတ်အဖွဲ့

                                                                     ရုံးအမှတ်(၄၁)၊ ဇေယျဌာနီလမ်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊  

                                                                      စက်မှုဝန်ကြီးဌာန၊နေပြည်တော်။

                                              ဖုန်း- ၀၆၇ - ၃၄၀၈၁၂၈  ၊ ၀၆၇ - ၃၄၀၈၀၆၅ ၊   ဖက်စ်- ၀၆၇ - ၃၄၀၈၁၂၈

                                                      smeagencymm@gmail.com,  disi@e.industry.gov.mm

 

 

  • လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို(၂၄-၁၂-၂၀၁၈)ရက်မှစ၍ ရုံးအမှတ် (၄၁)၊ မူဝါဒနှင့်ပြည်ပရေးရာဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်တွင်လာ ရောက်ထုတ်ယူနိုင်ပြီးwww.myanmarsmegov.mm, www.industry.gov.mm, www.disi.gov.mmနှင့် https://m.facebook.comတို့တွင်လည်း download ရယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)ဖုန်း-၀၆၇ -၃၄၀၈၁၂၈  သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
  • အမည်၊ဆက်သွယ်ရန်လိပ်စာ၊အီးမေးလ်နှင့်ဖုန်းနံပါတ်တို့ကိုလျှောက်လွှာပုံစံ၌ ပြည့်စုံစွာဖြည့်စွက်၍ ပြိုင်ပွဲဝင်မည့် Logo (soft copy / hard copy) နှင့်အတူအထက်ပါလိပ်စာသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်၊ညနေ(၀၄:၃၀)နာရီနောက်ဆုံးထား၍ မူကြမ်းပေးပို့ရပါမည်။
  • ပြိုင်ပွဲဝင်ခွင့်ရမည့်သူများစာရင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၁၁ရက်(သောကြာနေ့)၌www.myanmarsmegov.mm, www.industry.gov.mm, www.disi.gov.mmနှင့်   https://www.facebook.com/ SME-Development-Department-Ministry-of-Industry-Myanmarတို့တွင် ကြေညာပေးမည် ဖြစ်ပါသည်။
"MSMEs Logo"ပြိုင်ပွဲသတ်မှတ်ချက်များ

ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်

              အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ထုတ်ကုန်ပြိုင်ပွဲများကို တိုင်းဒေသကြီး/ ပြည်နယ်များ တွင်ကျင်းပဆောင်ရွက်လျက်ရှိပြီး ပြိုင်ပွဲမှဆုရလုပ်ငန်းရှင်များ၏ ထုတ်ကုန်များတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အသိအမှတ်ပြုအမှတ်တံဆိပ်(Logo) အသုံးပြုခွင့်ပေးမည် ဖြစ်သည်။ MSMEs Logoပြိုင်ပွဲကျင်းပခြင်းဖြင့် အကောင်းဆုံး အသိအမှတ်ပြုLogo ကိုရွေးချယ်နိုင်ပြီး ဆုရရှိသော MSMEs Product များတွင် အသုံးပြုခွင့်ပေးခြင်းဖြင့် စားသုံးသူများ၏ ယုံကြည်မှုပိုမိုရရှိပြီး စျေးကွက်ချဲ့ထွင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။

ပြိုင်ပွဲဝင်အသိအမှတ်ပြု Logo ၏ အဆင့်အတန်း

  • မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် MSMEs လုပ်ငန်းများအရေးပါမှု/အရေးကြီးမှု သရုပ်သဏ္ဍာန်များပါဝင်ခြင်း၊
  • မိမိကိုယ်တိုင် အသစ်တီထွင် ဖန်တီး ပုံဖော်ထားသော ဒီဇိုင်းဖြစ်ခြင်း(ရှိပြီး Logo ဒီဇိုင်းလုံးဝ မဖြစ်ရပါ။) (Logo ဒီဇိုင်းအားစာသားသီးသန့်ဖြင့်သာ ပုံဖော်ထား ခြင်း မဖြစ်ရပါ။)
  • နိုင်ငံတကာအဖွဲ့အစည်းများတွင် အသုံးပြုလျှက်ရှိသော Logo များကဲ့သို့ နိုင်ငံတကာ အဆင့်မီခြင်း၊
  • အရောင်အသွေးညီညွတ်မှုရှိခြင်းနှင့်ဆွဲဆောင်မှုရှိခြင်း
  • ပြိုင်ပွဲဝင် Logo ဒီဇိုင်းတွင်အသုံးပြုထားသော အရောင်(Colour)၊ သင်္ကေတ၊ ရုပ်ပုံ၊       အမှတ်အသား အားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ပြည့်စုံစွာ ရှင်းလင်းမိတ်ဆက်နိုင်ခြင်း။

ဆုချီးမြှင့်ခြင်း

            ရွေးချယ်ခံရသည့်အကောင်းဆုံးLogoအတွက်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ၁,၅ဝဝ,ဝဝဝိ/-ကျပ် (တစ်ဆယ့်ငါးသိန်းကျပ်တိတိ)ဆုချီးမြှင့်မည်ဖြစ်ပါသည်။

ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ

  • ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
  • ပြိုင်ပွဲဝင်တစ်ဦးလျှင် Logo ပုံစံအများဆုံး(၂)မျိုးအထိပေးပို့နိုင်ပါသည်။
  • JPEG (သို့) PNG Format ဖြင့်ပေးပို့ရပါမည်။ (ဆုရွေးချယ်ချီးမြှင့်ခံရသည့်အခါ ဆုရLogoကို AI Format ဖြင့်ပေးပို့ရမည်ဖြစ်ပါသည်။)
  • ပြိုင်ပွဲဝင်များသည် Logoဒီဇိုင်းကိုPowerpointဖြင့် ရှင်းလင်းတင်ပြယှဉ်ပြိုင်ရမည်။
  • Logoဒီဇိုင်းသည် အရွယ်အစားကြီးသည်ဖြစ်စေ၊ သေးငယ်သည် ဖြစ်စေပေါ်လွင်သော Logoဒီဇိုင်းဖြစ်ရမည်။
  • ပြိုင်ပွဲကျင်းပရေးဘုတ်အဖွဲ့ကအကောင်းဆုံးLogoဒီဇိုင်းတစ်ခုကိုသာရွေးချယ် ဆုချီးမြှင့်မည်ဖြစ်သည်။
  • ဆုချီးမြှင့်ရွေးချယ်ခံထားရသည့် Logoဒီဇိုင်းကိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီကမူပိုင်ခွင့်ရယူမည် ဖြစ်ပြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အဖွဲ့အစည်းများမှ လိုအပ်သလိုအသုံးပြုခွင့်ရှိသည်။
  • မူပိုင်ခွင့်ရယူပြီးနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဆုံးဖြတ်ချက်ဖြင့် Logoဒီဇိုင်း၏ အရောင်ကိုဖြစ်စေ၊ အရွယ်အစားကိုဖြစ်စေလိုအပ်သလိုပြုပြင်ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။


f856695d930ee66f56f4c6b6ab829bb0.png
7a235a7ddc1033edb4c889b698206994.jpg