သတင်းများ

လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းဆိုင်ရာ မြန်မာစံချိန်စံညွှန်းများနှင့် ဆပ်လျဉ်း၍ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား Stakeholder အား Awareness Orientation ကျင်းပ

Posted Date : ၀၇-၁၁-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/85bb0d140253f2bacea3451845125c67.jpg

လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများအတွက် အတည်ပြုပြဌာန်းပြီးသော မြန်မာ စံချိန်စံညွှန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား Stakeholder များ သိရှိနိုင်ရန်အတွက် Awareness Orientation အား (၂.၁၁.၂၀၁၉) ရက်နေ့၊ နေ့လည် (၁:၀၀) နာရီတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ SME Center တွင် ကျင်းပခဲ့ပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် လျှပ်စစ်စစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုမှ လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ပြဌာန်းထားသည့် စံချိန်စံညွှန်း (၃၅) ခု၊ ထပ်မံပြဌာန်းသွားမည့် စံချိန်စံညွှန်း (၃၅) ခု၊ အာဆီယံတွင် တစ်ပြေးညီသတ်မှတ်ရန် သဘောတူညီထားသည့် စံချိန်စံညွှန်းများ၊ မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများအဖြစ် သတ်မှတ်မည့် အခြေအနေများ၊ အာဆီယံဒေသတွင်း လျှပ်စစ်နှင့်အီလက်ထရောနစ် ပစ္စည်းများ အပြန်အလှန် တင်သွင်းရောင်းချရာတွင် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ စံချိန်စံညွှန်းသက်မှတ်ပါက ၎င်းတို့ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ လက်ရှိကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို ပြန်လှန်ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။



85bb0d140253f2bacea3451845125c67.jpg
6401fa69a6f1b975d1d4b0c6f13b62ea.jpg
2967b09e8213c30b719b6c4bab35597e.jpg