သတင်းများ

Showing 1-10 of 65 items.

လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းဆိုင်ရာ မြန်မာစံချိန်စံညွှန်းများနှင့် ဆပ်လျဉ်း၍ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား Stakeholder အား Awareness Orientation ကျင်းပ

လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများအတွက် အတည်ပြုပြဌာန်းပြီးသော မြန်မာ စံချိန်စံညွှန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား Stakeholder များ သိရှိနိုင်ရန်အတွက် Awareness Orientation အား (၂.၁၁.၂၀၁၉) ရက်နေ့၊ နေ့လည် (၁:၀၀) နာရီတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ SME Center တွင် ကျင်းပခဲ့ပါသည်။

posted date : ၀၇-၁၁-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

      လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီသည် မြန်မာနိုင်ငံ အတွင်း အရည်အသွေးပြည့်မီသည့် လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်း များ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းများ ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် စံချိန်စံညွှန်းများ ထပ်မံပြဌာန်းသွားနိုင်ရန်နှင့် ဆပ်ကော်မတီမှ ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရား လမ်းရှိ MSME Centre တွင် (၂.၁၁.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) တွင် ကျင်းပခဲ့ပါသည်။

posted date : ၀၇-၁၁-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းဦးဆောင်၍ အတည်ပြုသတ်မှတ်ထားပြီးသော လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများ ဆိုင်ရာစံချိန်စံညွှန်းများနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Stakeholder များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

            အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး    ဒေါက်တာမင်းရဲပိုင်ဟိန်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ ပညာရေး ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေး ဆပ်ကော်မတီမှအဖွဲ့ဝင်များ၊ Plug & Socket ၊  Cable Wire ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ လျှပ်စစ်ပစ္စည်းကိရိယာများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းပြီး အတွေ့အကြုံရှိသည့် ပညာရှင်များ စုစုပေါင်း  (၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

             အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ပြည်သူများအနေဖြင့် လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်းပြီး အရည်အသွေးမီပစ္စည်းများ အသုံးပြုနိုင်ရေးကို ဦးတည်ပြီး Stakeholder များနှင့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ပြဌာန်းထားသော နည်းဥပဒေများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော စာချုပ်များအရ ဆောင်ရွက်ရမည့် ကိစ္စရပ် များကို အကောင်အထည်ဖော်နိုင်ရေးအတွက် Stakeholder များနှင့် တွေ့ဆုံဆွေးနွေးပွဲခြင်းဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ပြီး လျင်လျင်မြန်မြန်  ပူးပေါင်းဆောင်ရွက်စေချင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ စံချိန်စံညွှန်း သတ်မှတ်ပြဌာန်း ရာတွင် ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊   စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် စပ်လျဉ်းပြီး စစ်ဆေး ဆောင်ရွက်မှု အခြေအနေများနှင့် လျှပ်စစ်ပစ္စည်းများဆိုင်ရာ ခေတ်မီဓာတ်ခွဲခန်းများ တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအားလည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဌာနအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

             ထို့အပြင် တက်ရောက်လာသည့် လျှပ်စစ်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းရှင် များဘက်မှလည်း စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုဆိုပါကြောင်း၊ ထုတ်လုပ်သူများဘက်မှလည်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဈေးကွက်တွင် အရည်အသွေး အားနည်းသည့်ပစ္စည်းများ ရှိနေသည့်အတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

             စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းမှ အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးမီလျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်း များ အသုံးပြုနိုင်ရေးအတွက် စနစ်တကျနှင့် သက်ဆိုင်ရာကဏ္ဍများ ပါဝင်သော Work Plan များကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း သက်ဆိုင်သည့် Stakeholder များအားလုံး အားကြိုးမာန်တက် အတူပူးပေါင်းဆောင်ရွက်စေချင်ပါကြောင်း၊ လိုအပ် သည့် ကိစ္စရပ်များကို ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၆း၃၀)နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စစ်ဆေးရေးဌာန၏ လျှပ်စစ်ဆိုင်ရာ ပစ္စည်း ကိရိယာများစစ်ဆေးသည့် ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြား လမ်းညွှန်ခဲ့ပါသည်။

posted date : ၂၃-၁၀-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခြင်း

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဌာန၌ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ကို (၁၉.၈.၂၀၁၉)ရက်နေ့မှ (၂၇.၉.၂၀၁၉)ရက် နေ့အထိ ရက်သတ္တ(၆)ပတ် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

posted date : ၂၀-၀၈-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉) အောင်မြင်စွာဖွင့်လှစ်ပြီးစီးခြင်း

စက်မှုဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရတို့ပူးပေါင်း၍ချင်းပြည်နယ်၊ဟားခါးမြို့၊ မြို့တော်ခန်းမ၌ အခြေခံ လျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉)ကို (၁.၇.၂၀၁၉)ရက်နေ့မှ (၂၆.၇.၂၀၁၉) ရက်နေ့ ထိရက်သတ္တ(၄)ပတ်ခန့်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကိုချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝီကောက သင်တန်းဆင်း အမှာ စကားပြောကြားခဲ့ပါသည်။

posted date : ၂၆-၀၇-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း(၂/၂၀၁၉) ဖွင့်လှစ်မည်

"ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း(၂/၂၀၁၉) ဖွင့်လှစ်မည်"

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ဘွိုင်လာစစ်ဆေးရေး) မှ ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း(၂/၂၀၁၉)ကို ၂၂.၇.၂၀၁၉ရက်နေ့ မှ ၁၆.၈.၂၀၁၉ ရက်နေ့ထိ နေပြည်တော်ရှိ ရုံးအမှတ်(၄၁)၊ သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချသွားပါမည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုသူ ပြင်ပသင်တန်းသားများသည် အနိမ့်ဆုံး အခြေခံပညာအလယ်တန်းအောင်မြင်ရန် လိုအပ်ပြီး အောက်ဖော်ပြပါလိပ်စာသို့ ၁၈.၇.၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းလျှောက်ထားနိုင်ပါသည်။

posted date : ၀၄-၀၇-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ် ပါသည်။

posted date : ၀၄-၀၇-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် 5 S & Energy Management သင်တန်း ဖွင့်လှစ်ပို့ချခြင်း

          စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တောင်ဒဂုံစက်မှုဇုန် (၁)၊ စက်မှုဇုန်(၂)နှင့် စက်မှုဇုန်(၃) တို့ရှိ စက်ရုံဝန်ထမ်း(၄၉)ဦးတို့အား ၂၇.၆.၂၀၁၉ ရက်နေ့မှ ၂၈.၆.၂၀၁၉ ရက်နေ့အထိ တောင်ဒဂုံစက်မှုဇုန်(၁)ခန်းမတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် 5 S & Energy Management သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါသည်။

posted date : ၀၂-၀၇-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်

အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉)ဖွင့်လှစ်ခြင်း

စက်မှုဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမတွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉) ကို (၁.၇.၂၀၁၉)ရက်နေ့မှ (၂၆.၇.၂၀၁၉) ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ခန့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁.၇.၂၀၁၉)ရက်နေ့ နံနက် (၀၉း၀၀)နာရီ တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးထက်က သင်တန်းဖွင့် အမှာ စကား ပြောကြားခဲ့ပါသည်။

posted date : ၀၂-၀၇-၂၀၁၉

posted by : IT Tester

State/Region : နေပြည်တော်