ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း ၂/၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားနှင့် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြင့်ခြင်းနှင့်သင်တန်းသားခေါင်းဆောင်အား သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ခြင်း
ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း ၂/၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၀.၈.၂၀၁၈ ရက်နေ့တွင် ဘွိုင်လာ သင်တန်းဌာန၊ အမှတ်(၁၉၂)၊ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနား သို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြင့်ခြင်းနှင့်သင်တန်းသားခေါင်းဆောင်အား သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။