စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ဂျပန်နိုင်ငံ JICA အဖွဲ့ အစည်းနှင့်ပူးပေါင်း၍ SME လုပ်ငန်းများတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စနစ်တကျ ဖြစ်လာ စေရန်နှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန် အတွက် “5 S Seminar for SME Manufacturing Sector”ကို ကျင်းပလျက်ရှိခြင်း
“5 S Seminar for SME Manufacturing Sector” ကို (၂၉.၅.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့၊ UMFCCI ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းများနှင့် SME လုပ်ငန်းရှင် စုစုပေါင်း (၁၀၀) ဦး ၊ (၁.၆.၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ထမ်း နှင့် SME လုပ်ငန်းရှင် (၉၆) ဦး (၅.၆.၂၀၁၈) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၁၀၀) ဦး (၈.၆.၂၀၁၈) ရက်နေ့တွင် မကွေးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှု ဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၁၄၂) ဦး ၊ (၁၂.၆.၂၀၁၈) ရက်နေ့ တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့ရာ စက်မှုဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၉၂) ဦး ၊ စုစုပေါင်းစက်မှုဝန်ထမ်းနှင့်SME လုပ်ငန်းရှင် (၅၃၀) ဦးတို့အား 5S ဆိုင်ရာဗဟုသုတ များမျှဝေခဲ့ပါသည်။