သတင်းများ

ဆဌမအကြိမ်မြောက်အာဆီယံအသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေး( 6th ACCMSME) နှင့်ဆက်စပ်အစည်းအဝေးများသတင်းစဉ်

Posted Date : ၀၅-၁၁-၂၀၁၈
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/121d32e2c7a353a7dd87da8172a499bc.jpg

        ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိကျင်းပပြုလုပ်မည့် အာဆီယံအသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး ကော် မတီ ၏ (၆) ကြိမ်မြောက်အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ( the 6th ACCMSME Meeting and Related Meetings) ၏ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ ၊ တနင်္လာနေ့၊  နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ၊ Park Royal Hotel  ၌ကျင်းပပြုလုပ်ခဲ့ပါသည်။


      ဖွင့်ပွဲအခမ်းအနားကိုအသေးစား ၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊နိုင်ငံတော်ဒုတိယသမ္မတ၊ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊  အသေးစား ၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ချို ၊ အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းကော်မတီ နှင့် ​အသေးစား ၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် အသင်းအဖွဲ့များ မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များ၊အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ တာဝန်ရှိသူများ ၊ GIZ, OECD, ERIA  စသည့် အာဆီယံ နှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ဖွင့်ပွဲ အခမ်းအနားကို နံနက်(၉) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။အဆိုပါ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်များအချင်းချင်း SME လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် SME လုပ်ငန်းများတိုးမြှင့်ရေးစီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံ များ ဆိုင်ရာစီးပွားရေးသုတေသန အဖွဲ့အစည်း (ERIA)၊  မြန်မာနိုင်ငံ သုတေသနအဖွဲ့အစည်း (MRI) တို့နှင့်ဒစ်ဂျစ်တယ်စီးပွားရေးစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီ(ASEAN BAC) နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အာဆီယံလမ်းညွှန်မှုအစီအစဉ်နှင့်ပတ်သက်၍လည်းကောင်း၊ အမေရိကန်-အာဆီယံစီးပွားရေးအကြံပေးကောင်စီ(ASEAN BAC) နှင့်Online Academy နှင့်ပတ်သက်၍လည်းကောင်း  အသီးသီးဆွေးနွေးခဲ့ကြပါသည်။

          ဆဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ Park Royal Hotel ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။



121d32e2c7a353a7dd87da8172a499bc.jpg
d9cd25427717d6344ec495b1e44b85d0.jpg
d87777edc276e3f8d7ddd2faedd20d79.jpg
b28beed1821e79c60df9aa1d7d94887c.jpg
70a6ffbbac42633aa2c45097cd5a6974.jpg
a4b086801047bc5da7a099f8dc17a128.jpg
14f6364f1d07bee96bcba26b2a8dc94a.jpg
652cee2da4af42727aa0609f74c12301.jpg