“အာဆီယံ အွန်လိုင်း ဈေးရောင်းပွဲတော် (ASEAN Online Sale Day)” ကို အာဆီယံနေ့ (ASEAN Day) ဖြစ်သော ၈.၈.၂၀၂၀ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အာဆီယံဒေသတွင်း Cross-Border e-Commerce လုပ်ငန်းများကို အားပေးမြှင့်တင် ရန်၊ သုံးစွဲသူယုံကြည်မှု ပိုမိုမြင့်မားလာစေရန်နှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေ ရေး အတွက် e-Commerce ကဏ္ဍကို မြှင့်တင်ရန်၊ MSME များအား အားပေးမြှင့်တင်ရန် နှင့်COVID-19 ကပ်ရောဂါ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အွန်လိုင်းမှ ရောင်းဝယ်နိုင်ရန် ရည်ရွယ်၍ “အာဆီယံ အွန်လိုင်း ဈေးရောင်းပွဲတော် (ASEAN Online Sale Day)” ကို အာဆီယံနေ့ (ASEAN Day) ဖြစ်သော ၈.၈.၂၀၂၀ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ASEAN Online Sale Day ကို အာဆီယံမှ နှစ်စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတို့မှ ASEAN Coordinating Committee on Electronic Commerce (ACCEC) နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ အာဆီယံ အွန်လိုင်း ဈေးရောင်းပွဲတော်တွင် အာဆီယံနိုင်ငံများမှ e-commerce business (၁၅၀) ကျော် ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း (၁၄) ခုမှလည်း ပါဝင်၍ လွှင့်တင်ထားရှိပါသည်။ (၈.၈.၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ASEAN Online Say Day တွင် အထူးလျော့စေျးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆိုပါ အင်တာနက် စာမျက် နှာတွင် စုစည်းလွှင့်တင်ထားပြီးဖြစ်ပါ၍ http://aseanonlinesaleday.com/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။