သတင်းများ

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၁၈) အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခြင်း

Posted Date : ၂၆-၁၀-၂၀၁၈
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/a76f135e6be170b06d04ae718e00693a.jpg

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေးဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဌာန၌  လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၃/၂၀၁၈) ကို အောင်မြင်စွာ ဖွင့်လှစ် ပြီးစီးခဲ့ခြင်း


      စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေးဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဌာန၌  လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၁၈)ကို (၁၀.၉.၂၀၁၈)ရက်နေ့ မှ (၁၉.၁၀.၂၀၁၈) ရက်နေ့အထိ ရက်သတ္တပတ် (၆)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

       သင်တန်းကာလတွင် ညွှန်ကြားရေးမှူး(လျှပ်စစ်စစ်ဆေးရေးဌာန)၊ ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အရာထမ်းများ၊ လျှပ်စစ်စစ်ဆေးရေးမှ အငြိမ်းစားဆရာကြီးများ အပါအဝင် သင်တန်းနည်းပြဆရာ/ဆရာမ(၁၂)ဦး၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အငြိမ်းစားဆရာကြီး  ဦးမိုးအောင်(တက္ကသိုလ်မိုးဝါ)၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအသင်းမှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ဆရာကြီးဦးကိုကိုအောင်၊ အငြိမ်းစားတိုင်းဒေသကြီးအင်ဂျင်နီယာ ဦးထွန်းအေး၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကထိကဆရာ(၁)ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန(လျှပ်စစ်)မှ အရာထမ်း(၁)ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကိုယ်စားလှယ်(၁)ဦးတို့မှ လျှပ်စစ်ပိုင်းဆိုင်ရာများ သင်ကြားပို့ချခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှလည်း ဓာတ်လိုက်မှုဖြစ်ပွားပါက ရှေးဦးသူနာပြုစုနည်းများကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းသား/ သူများအား လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ လက်တွေ့လေ့လာသိရှိနိုင်ရန်အတွက် Asia General Electric Co.,Ltd ၏ AG အမှတ်တံဆိပ် Electrical Panel အမျိုးမျိုးထုတ်လုပ်သော စက်ရုံသို့ သွားရောက်လေ့လာစေခဲ့ပါသည်။

      လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၃/၂၀၁၈)ဆင်းပွဲကို (၁၉.၁၀.၂၀၁၈)ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစား ဆရာကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအသင်းမှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ဆရာကြီး ဦးကိုကိုအောင်၊ စက်မှုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်း ဆရာ/မများ၊ စက်မှုဝန်ကြီးဌာနမှ သင်တန်းသား/သူ (၆)ဦး၊ အခြားဝန်ကြီးဌာနမှ သင်တန်းသား(၁၁)ဦးနှင့်  ပြင်ပသင်တန်းသား/သူ (၇၅)ဦး အပါအဝင် စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

      သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဦးမိုးအောင် (စာရေးဆရာ-တက္ကသိုလ်မိုးဝါ) (ငြိမ်း)၊ ဒေါက်တာမျိုးထိုက် (ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန)နှင့် ဦးခင်မောင်ဆွေ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)(လျှပ်စစ်စစ်ဆေးရေးဌာန)တို့မှ သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး သင်တန်း တွင် ပထမဆုရရှိသော (ကသ-၂၈) မောင်နန္ဒအောင်၊ ဒုတိယဆုရရှိသော (ကသ-၅၉) မောင်ဇင်မင်းအောင် နှင့် တတိဆုရရှိသော(ကသ-၂၃) မောင်ထွန်းမင်းသောင်းတို့အား ဆုများ ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသားကိုယ်စားလှယ်(၁)ဦးအား ပေးအပ်ခဲ့ပါသည်။

      သင်တန်းသား/သူများအား လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာများ ပိုမို သိရှိလာစေရန်၊ လျှပ်စစ်လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လျှပ်စစ် တတ်ကျွမ်းနားလည်သော လျှပ်စစ်ကျွမ်းကျင်သူများ မွေးထုတ်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းကို တစ်နှစ်လျှင်     (၂)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခုသင်တန်း အပါအဝင် (၄၁)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၃၃၈၉) ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။



a76f135e6be170b06d04ae718e00693a.jpg
d88b825fa242d8a46d6c7accb38abe21.jpg
9ef2a801fda9b101a5d9430ce1569eac.jpg
8ba3e3b98feb9ffdb13be2241e7733e0.jpg
38b5ec89f944451b4ef6e3478fe6d93e.jpg
517f18e33697d82eea55016bf060dd24.jpg
3e815ea1a78fc2071e77ca30d8725095.jpg
813ca4643c4987c8fe213e93d8bd0eb0.jpg
f25700b435e18a0539038f952245c143.jpg