လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၃/၂၀၁၈) အား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဌာနတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
ရည်ရွယ်ချက်
၁။ ပြည်သူများ လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေခြင်းဖြင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် ပိုမို ကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန်၊ အန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ၍ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်း ဖြစ်ပါသည်။
သင်တန်းတည်နေရာ
၂။ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၃/၂၀၁၈) အား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဌာနတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်တန်းကာလ
၃။ ၂၀၁၈ ခုနှစ် စက်တင်ဘာ လ (၁၀) ရက်နေ့မှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ထိ ရက်သတ္တ(၆)ပတ် ဖြစ်ပါသည်။
ပို့ချမည့်ဘာသာရပ်များ
၄။ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံ သင်တန်းအမှတ်စဉ် (၃/၂၀၁၈)တွင် ပို့ချမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အခြေခံလျှပ်စစ်ဘာသာရပ်
(ခ) လျှပ်စစ်တိုင်းတာရေးမီတာများ
(ဂ) အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပြုပြင်ထိန်းသိမ်းခြင်း
(ဃ) စက်ရုံ၊ အလုပ်ရုံနှင့် အိမ်တွင်းလျှပ်စစ်တပ်ဆင်ခြင်း
(င) မြေဓာတ်ချခြင်းနှင့် မိုးကြိုးလွှဲ
(စ) လျှပ်တာပြောင်းအခြေခံ
(ဆ) အေစီ-ဒီစီမော်တာများ
(ဇ) အေစီ-ဒီစီလျှပ်ထုတ်စက်
(ဈ) ကောင်းကင်ဓာတ်အားလိုင်း
(ည) အခြေခံအီလက်ထရွန်းနစ်
(ဋ) လျင်မြန်ပြုစု အသက်ကယ်မှု
ပညာအရည်အချင်းနှင့် သင်တန်းသားဦးရေ
၅။ သင်တန်းသားများကို အနိမ့်ဆုံးအခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများကိုသာ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသူ ဖြစ်ရမည်။ သင်တန်းသားဦးရေအနေဖြင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်း (၂၅)ဦး၊ အခြားဝန်ကြီးဌာနများမှ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်း (၁၅)ဦးနှင့် ပြင်ပသင်တန်းသား (၅၀)ဦး စုစုပေါင်း (၉၀)ဦးကို လက်ခံသင်ကြားပေးမည်ဖြစ်ပါသည်။