သတင်းများ

လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ ပြုလုပ်ခြင်း

Posted Date : ၁၇-၁၂-၂၀၁၈
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/81c145defb6d9160a5010997507c75c7.jpg

လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း ဦးဆောင်၍ လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြင့် (၁၆.၁၂.၂၀၁၈)ရက်နေ့ ၊ (၁၅:၀၀) နာရီ တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅) ရှိ SME Center ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် အဆိုပြု စံချိန်စံညွှန်း (၂၀) ခုအနက် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအရ စံချိန်စံညွှန်းကောင်စီမှ  လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်း (၁၅) ခုကို ပြဌာန်း ခဲ့ပြီး ဖြစ်ရာ ကျန်အဆိုပြု  စံချိန်စံညွှန်း (၅) ခု အား ဆက်လက် ပြဌာန်းသွားနိုင်ရေး၊ (၁၃)ကြိမ်မြောက် အစည်းအဝေး တွင် ဖြန့်ဝေ၍ သဘောထား မှတ်ချက်တောင်းခံခဲ့သည့် ထပ်မံအဆိုပြုသွားမည့် စံချိန်စံညွှန်း အခု (၃၀) ကို အပြီးသတ်ရွေးချယ်ခြင်းနှင့်  အာဆီယံတွင်  လက်ခံရန် တပြေးညီ သတ်မှတ်ပြီးဖြစ်သည့် Harmonized IEC Standards (၁၈၄) ခုထဲမှ ဦးစားပေး စံချိန်စံညွှန်းများ ထပ်မံရွေးချယ်သွားရန် ညှိနှိုင်းခဲ့ကြပြီး ညှိနှိုင်းအစည်း အဝေးကို (၁၇:၂၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။



81c145defb6d9160a5010997507c75c7.jpg
73ddeaedf89bee23cd5269ac41163276.jpg