သတင်းများ

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Posted Date : ၁၉-၀၇-၂၀၂၂
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/aedf426c1cb88818946589394d40eda5.jpg

 စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဌာန၌ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို (၂.၃.၅.၂၀၂၂)ရက်နေ့ မှ (၁၅.၇.၂၀၂၂)ရက်နေ့အထိ ရက်သတ္တပတ်(၈)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ရာသင်တန်းဆင်းပွဲ အခမ်းအနားကို (၁၅.၇.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


       လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား တွင်  စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း မှ  လျှပ်စစ်စစ်ဆေးရေးဌာန၏ သမိုင်းကြောင်းများ၊ သင်တန်းတက်ရောက် ခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းမှ ရရှိသည့် လျှပ်စစ်ဆိုင်ရာ အသိပညာ ဗဟုသုတများအား ပတ်ဝန်းကျင်သို့ ဆင့်ကဲပြန်ပွားအောင် ဖြန့်ဝေရေးတို့နှင့် ပတ်သက်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှလည်း သင်တန်းနှင့်ပတ်သက်သည့် အမှာစကားများ ပြောကြားခဲ့ပါသည်။

         သင်တန်းဆင်းပွဲ အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ဥပဒေချုပ် ဦးသိန်းဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ အငြိမ်းစားဆရာကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့မှ  စစ်ဆေးရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ (၄၅)ဦး အပါအဝင် စုစုပေါင်းအင်အား (၁၂၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     သင်တန်းဆင်းပွဲ  အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သင်တန်းတွင် ပထမဆုရရှိသော  ဒေါ်သရဖီဖူးဝေ (ကသ-၁၇) ၊ ဒုတိယဆုရရှိသော ဦးရာဇာလင်း (ကသ-၁၆) နှင့် တတိယဆု ရရှိသော ဒေါ်ဇင်မာသိန်း (ကသ-၂၆) တို့အား ဆုများ ချီးမြှင့်ခဲ့ပြီး  သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသားကိုယ်စားလှယ် (၁)ဦးအားလည်း ပေးအပ်ခဲ့ပါသည်။

     သင်တန်းသား/သင်တန်းသူများအား လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ် ဆိုင်ရာ နည်းပညာ ဗဟုသုတများကို ပိုမို သိရှိလာစေရန်၊ လျှပ်စစ်လုပ်ငန်းများအား အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လျှပ်စစ်ကျွမ်းကျင်သူများ မွေးထုတ်ပေးခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းကို (၁) နှစ်လျှင် (၂) ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခုသင်တန်း အပါအဝင် (၄၅) ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၃၇၄၃) ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။



aedf426c1cb88818946589394d40eda5.jpg
3a40a59c9513ac0fae7270dc1f3f49d0.jpg
812b60101a986da394462fde1d97f1f0.jpg
62ebfa1b544526d0e588d795e4d5e606.jpg
67c99964c3b37bd7daf00cfd864976e7.jpg
02be54cf9597021a6e7977de54722200.jpg