သတင်းများ

လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း

Posted Date : ၂၄-၀၅-၂၀၂၂
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/a2b8d5769fec2357d8b025b219cc2ac7.png

လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၃.၅.၂၀၂၂)ရက်နေ့ (၀၉း၀၀) နာရီတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် (၃၅) ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးက  သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။


       သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လျှပ်စစ် စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစားဆရာ ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးဌာနမှူး၊ အရာထမ်း နှင့် အမှုထမ်းများ၊ ဆေးဝါးစက်ရုံ(အင်းစိန်) မှ လျှပ်စစ်ဌာနမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ (၄၁) ဦး အပါအဝင် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို (၂၃.၅.၂၀၂၂) ရက်နေ့မှ (၁.၇.၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ် (၆) ပတ်ခန့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

       လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သို့ စက်မှုဝန်ကြီးဌာနမှ သင်တန်း သား/သင်တန်းသူ (၁၂) ဦးနှင့် အခြားဝန်ကြီးဌာနမှ သင်တန်းသား (၃၃) ဦး  စုစုပေါင်းသင်တန်းသား/ သင်တန်းသူ (၄၅) ဦး တက်ရောက်လျက် ရှိပါသည်။

        သင်တန်းသား/သင်တန်းသူများအား သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် လျှပ်စစ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်တတ်စေရန်၊နည်းပညာများ ပိုမိုသိရှိလာစေရန်၊ လျှပ်စစ်လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လျှပ်စစ် ကျွမ်းကျင်မှု အခြေခံသင်တန်းကို တစ်နှစ်လျှင်(၂) ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ဤသင်တန်းကို (၄၄) ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး (၃၆၉၈) ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

 



a2b8d5769fec2357d8b025b219cc2ac7.png
413a7c3c8a0993143a5b6a1721881bc9.png
536644730d420f8ab3c2855a884e2372.png
062510f670eea372064b29d779336d7a.png