သတင်းများ

အခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၄/၂၀၁၈) အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခြင်း

Posted Date : ၁၆-၁၁-၂၀၁၈
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/6e137b56e95f33b1f9d98b41ba944d12.png

စက်မှုဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရတို့မှ ပူးပေါင်း၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ နည်းပညာတက္ကသိုလ်တွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန် းအမှတ်စဉ် (၄/၂၀၁၈)ကို (၁၅.၁၀.၂၀၁၈) ရက်နေ့မှ (၁၄.၁၁.၂၀၁၈) ရက်နေ့ထိ ရက်သတ္တ(၄)ပတ် ခန့်ဖွင့်လှစ်ခဲ့ရာ  သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးခင်မောင်ဖြူမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။


           သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းတွင် ကယားပြည်နယ်အတွင်းရှိ ခရိုင် (၂) ခရိုင်မှ  သင်တန်းသား/သူ (၁၁၉)ဦးတို့ တက်ရောက်ခဲ့ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၃)ဦးနှင့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန (လျှပ်စစ်စစ်ဆေးရေး) မှ သင်တန်းနည်းပြ (၇) ဦးတို့မှ စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ ပြင်ပသင်တန်းဆရာများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကယားပြည်နယ် လောပိတလျှပ်စစ်ဓာတ်အားပေးရေး၊ ကယားပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ကယားပြည်နယ် မီးသတ်တပ်ဖွဲ့နှင့် လွိုင်ကော်နည်းပညာတက္ကသိုလ်တို့မှ သင်တန်းနည်းပြတို့မှလည်း လျှပ်စစ်နှင့် ပတ်သက်သော အသိပညာများကို ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပြီး  ကယားပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦး သူနာပြုစုနည်းများအား လက်တွေ့သရုပ်ပြပို့ချခဲ့ပါသည်။

      သင်တန်းဆင်းပွဲ အခမ်းအနား၌ ကယားပြည်နယ်  လွှတ်တော်ဥက္ကဌ ဦးလှထွေးမှ ပထမဆုရရှိသော မောင်အာကာမင်း (ကသ-၈၈)၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးခင်မောင်ဖြူမှ  ဒုတိယဆုရရှိသော  မောင်ကျော်နိုင်ဆန်း (ကသ-၉၅)နှင့် တတိယဆုရရှိသော မောင်ဘူးရယ်မြင့် (ကသ-၁၀) တို့အား ဆုများ ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်မှလည်း သင်တန်းသားကိုယ်စားလှယ် (၁)ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

      အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရေး၊ တည်ဆောက်ပြီးသော ဓာတ်အားလိုင်းများအား ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်အသုံးပြုသော လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မျှော်မှန်းပြီး ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင်လည်း ဆက်လက်၍ ထပ်မံဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။



6e137b56e95f33b1f9d98b41ba944d12.png
73526fc105768a64a9d8edb943f24993.png
a5bd62053b60c3847b12f1a8731a4f93.png
7afae49fcfba86407a97bee63f114a42.png
a824c9d514773f4377b08cca63cd0536.png
0341388078d3d48c0f4b8af65b177e48.png