ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း အမှတ်၃၅ ရှိ SME Center ၌ ၂၈.၉.၂၀၁၈ရက်နေ့ ၁၃:၀၀ နာရီတွင် လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏ ၁၃ ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ လျှပ်စစ်နှင့် အီလက် ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ စံချိန်စံညွှန်းကောင်စီ မှ စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာ့စံချိန်စံညွှန်း အခု၅၀ ကို သတ်မှတ်ပြဌာန်း ခဲ့ရာ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများအတွက် မြန်မာ့စံချိန်စံညွှန်း ၁၅ ခုပါရှိကြောင်း ရှေ့ဆက်လက်၍ လျှပ်စစ်နှင့် အီလက်ထရောနစ် စံချိန်စံညွှန်းများ ပြုစုနိုင်ရန် ယခု ညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း အနည်းဆုံး ၁ လတစ်ကြိမ်ပြုလုပ်စေချင်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံ၌ တပြေးညီ သတ်မှတ် ထားပြီး ဖြစ်သည့် IEC စံများအနက် မြန်မာ့စံအဖြစ် ဦးစားပေး သတ်မှတ်မည့် စံချိန်စံညွှန်း ၁၀ ခု ထပ်မံအတည်ပြုခဲ့ပါသည်။