Lancang-Mekong Cooperation Special Fund ၏ အထောက်အပံ့ဖြင့် စက်မှု ကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Mekong Institute(MI) တို့မှ ကြီးမှူး ကျင်းပသည့် “Online Knowledge Sharing Workshop for Management and Promotion of SEZ and IZ in Myanmar”ကို ၇.၁၂.၂၀၂၀ရက်နေ့နှင့် ၈.၁၂.၂၀၂၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Workshop တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ workshop သို့ ပြည်နယ်တိုင်း ဒေသကြီးအသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဦးစီးဌာမှူးများ၊ အရာထမ်းများ နှင့် SEZ များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။
workshop တွင် Lancang-Mekong နိုင်ငံများရှိ SEZ များ၏ အားသာချက်များ၊ အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများ အကြောင်းနှင့် မြန်မာနိုင်ငံရှိ SEZ များအကြောင်းကို ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် Mekong Institute(MI) မှ ကြီးမှူး ကျင်းပ ခဲ့သည့် Online Training on Measures for Management and Promotion of Special Economic Zones(SEZs)သင်တန်းအား မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ကြသည့် သင်တန်း သားများမှ ပြန်လည်ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးခဲ့ ကြပါသည်။