စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဝန်ထမ်းများ၏
၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆို အောင်မြင်ခဲ့သော သားသမီးများအား
ချီးမြှင့်ခြင်းအခမ်းအနားအား ၁.၇.၂၀၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ရုံးအမှတ်(၃၇)၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦီစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြု အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဝင်ရောက်ဖြေဆိုပြီး (၄)ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၂)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး နှင့် အောင်မြင်သူ(၇)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ဆုရရှိသူများမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။