စက်မှုဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ် (၃/၂၀၁၉)ကို (၂၅.၂.၂၀၁၉)ရက်နေ့မှ (၂၃.၃.၂၀၁၉)ရက်နေ့အထိ ရက်သတ္တ (၄)ပတ်ခန့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
posted date : ၂၆-၀၂-၂၀၁၉
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းဌာန၌ လျှပ်စစ်ကျွမ်းကျင်မှုမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၈) ကို (၂၄.၁၂.၂၀၁၈)ရက်နေ့မှ (၁၅.၂.၂၀၁၉)ရက်နေ့အထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
posted date : ၁၉-၀၂-၂၀၁၉
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့၊ ဝေသာလီအားကစားခန်း (Fitness Center) တွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျား သင်တန်းအမှတ်စဉ်(၂/၂၀၁၉)ကို (၁၈.၂.၂၀၁၉)ရက်နေ့မှ (၁၅.၃.၂၀၁၉)ရက်နေ့အထိ ရက်သတ္တ (၄)ပတ်ခန့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၈.၂.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်တို့မှ သင်တန်းဖွင့် အမှာစကား များ ပြောကြားခဲ့ပါသည်။
posted date : ၁၉-၀၂-၂၀၁၉
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ Cyclone Shulter၌ အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ် (၅/၂၀၁၈)ကို (၂၁.၁၂.၂၀၁၈) ရက်နေ့မှ (၁၈.၁.၂၀၁၉)ရက်နေ့ထိ ရက်သတ္တ(၄)ပတ်ခန့် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကိုဇွဲကပင်ခန်းမ၌ (၁၈.၁.၂၀၁၉)ရက်နေ့တွင်ကျင်းပခဲ့ရာ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်တို့မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
posted date : ၂၂-၀၁-၂၀၁၉
posted by : IT Tester
State/Region : နေပြည်တော်
ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း(၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၄.၁ .၂၀၁၉ )ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း မှ သင်တန်းဖွင့် မိန့်ခွန်း မြွက်ကြားခဲ့ပါသည်။
posted date : ၂၂-၀၁-၂၀၁၉
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဘွိုင်လာ စစ်ဆေးရေးဌာနမှ ဘွိုင်လာကိုင် တွယ် ထိန်းသိမ်းသူများ သင်တန်း (၁/၂၀၁၉) ကို ၁၄.၁.၂၀၁၉ မှ ၂၂.၂.၂၀၁၉ ထိ ဖွင့်လှစ် ပို့ချသွား မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကို တက်ရောက်လိုသူ ပြင်ပ သင်တန်းသားများသည့် အနိမ့်ဆုံးအခြေခံပညာ အလယ်တန်းအောင်မြင်ရန် လိုအပ်ပါသည်။ သင်တန်းတက်ရောက်လိုပါက အောက်ဖော်ပြပါ သင်တန်းဌာနသို့ ၁၁.၁.၂၀၁၉ ရက် နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးလျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်၊
posted date : ၁၁-၀၁-၂၀၁၉
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
posted date : ၂၈-၁၂-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
Logo ပြိုင်ပွဲအတွက် ပြင်ဆင်ချက်
(၁) ယခင်သတ်မှတ်ထားသော လျှောက်လွှာတင်ရမည့်နောက်ဆုံးရက် (၁၀.၁.၂၀၁၉) ရက်နေ့အစား(၁၅.၂.၂၀၁၉) ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ပါကြောင်း၊
(၂) ပြိုင်ပွဲဝင်၏ Logo Design နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် ပူးတွဲပေးပို့ရမည် ဖြစ်ပါကြောင်း၊
(၃) ဆုကြေးငွေအား ယခင်သတ်မှတ်ထားသည့် ကျပ် (၁၅) သိန်းထက်ပိုသည့် ထိုက်တန် သော ဆုကို ချီးမြှင့်မည် ဖြစ်ပါကြောင်း၊
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပလျက်ရှိသောဒေသတွင်းထုတ်ကုန်ပြိုင်ပွဲများမှ ဆုရလုပ်ငန်းရှင်များ၏ MSMEsထုတ်ကုန်များတွင်တရားဝင်အသုံးပြုမည့် အသိအမှတ်ပြုအမှတ်တံဆိပ်(Logo)ကိုရွေးချယ်မည့်" MSMEs Logo "ပြိုင်ပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူမည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်းဖိတ်ခေါ်ပါသည်။
posted date : ၂၅-၁၂-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ကျိုက်ဝိုင်းဘုရားလမ်း၊အမှတ်(၃၅)ရှိစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ ၌ (၂၄.၁၂.၂၀၁၈)ရက်နေ့ နံနက်(၀၈:၀၀) နာရီ တွင် လျှပ်စစ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
posted date : ၂၄-၁၂-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း ဦးဆောင်၍ လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြင့် (၁၆.၁၂.၂၀၁၈)ရက်နေ့ ၊ (၁၅:၀၀) နာရီ တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅) ရှိ SME Center ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
posted date : ၁၇-၁၂-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်