စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ အမှတ်(၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဌာနတွင်းလျှပ်စစ်စစ်ဆေးရေးဆိုင်ရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၁၈) ကို (၆.၈.၂၀၁၈) ရက်နေ့မှ (၁၀.၈.၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
posted date : ၁၆-၀၈-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း အမှတ် စဉ် (၂/၂၀၁၈)ကို (၂.၇.၂၀၁၈)ရက်နေ့မှ (၁၀.၈.၂၀၁၈)ရက်နေ့ထိ သင်တန်းသား ၉၀ ဦးဖြင့် ဘွိုင်လာ သင်တန်းဌာန၊ အမှတ်(၁၉၂)၊ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
posted date : ၀၈-၀၈-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွှေ့လျားသင်တန်းအမှတ်စဉ် (၃/၂၀၁၈)ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတွင် (၂၀.၈.၂၀၁၈) ရက်နေ့မှ (၁၄.၉.၂၀၁၈) ရက်နေ့အထိ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်၍ ကချင်ပြည်နယ် အတွင်းရှိ ခရိုင် (၄) ခရိုင်မှ သင်တန်းသားဦးရေ (၁၀၀) ဦးခန့် အား စာတွေ့ လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ပါသည်။
posted date : ၀၈-၀၈-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ KASIKORNBANK၊ UMFCCI ၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC)အဖွဲ့အစည်းများပူးပေါင်း၍ KASIKORNBANK SME Competition 2018၊ Digital Marketing for Digital Entrepreneur အစီအစဉ်အား Launching ပြုလုပ်သည့် အခမ်းအနားကို(၁၁.၆.၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)တွင်KASIKORN BANK, Yangon Representation Office ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
posted date : ၁၅-၀၆-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တွင် Business Plan သင်တန်း ၊ Business Plan ပြိုင်ပွဲ ၊ SME များအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း
posted date : ၀၈-၀၅-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
MAPCO ပေါင်းဆန်နှင့် ဆန်ဖြူအဆင့်မြင့် ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းအား စက်မှု၊ လျှပ်စစ်၊ဘွိုင်လာ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်း
posted date : ၂၂-၀၃-၂၀၁၈
posted by : ဦးဆန်းဝင်းမြင့်
State/Region : နေပြည်တော်
၂၀၁၈ ခု ဖေဖော်ဝါရီလတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း (၃၁ ) ခု အား စက်မှုမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါသည်။
အကြီးစားပုဂ္ဂလိကစက်မှုလုပ်ငန်း- ၂ ခု
အလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း- ၄ ခု
အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း - ၂၅ ခု
ပုဂ္ဂလိကစက်မှုမှတ်ပုံတင်လုပ်ငန်း (၃၁ ) ခု၏ စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
posted date : ၁၃-၀၃-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
၂၀၁၈ ခု ဖေဖော်ဝါရီလတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း (၈၂ ) ခု အား စက်မှုမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါသည်။
အကြီးစားပုဂ္ဂလိကစက်မှုလုပ်ငန်း- ၄၅ ခု
အလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း- ၂၈ ခု
အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း - ၉ ခု
ပုဂ္ဂလိကစက်မှုမှတ်ပုံတင်လုပ်ငန်း (၈၂ ) ခု၏ စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
posted date : ၁၂-၀၃-၂၀၁၈
posted by : ဒေါ်နီနီလွင်
State/Region : ရန်ကုန်
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် စက်မှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ MSME (Micro, Small & Medium Enterprise) လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု Production Cycle စဉ်ဆက်မပြတ်လည်ပတ်ပြီးစီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာစေရန်၊ အခြားသူများ၏ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်ရန်နှင့် MSME များ ၏ထုတ်ကုန်သစ်များကို စားသုံးသူများနှင့် မိတ်ဆက်ပေးနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိ လုပ်ငန်းစဉ် တစ်လျောက်အတွင်း လိုအပ်ချက်များကို ပိုမိုနားလည် ဆန်းစစ်အဖြေရှာ နိုင်စေရန်၊ လုပ်ငန်းရှင်အချင်းချင်းမှ ဒေသအချင်းချင်းပိုမိုပူးပေါင်းချိတ်ဆက်၍ ကုန်သွယ်မှုဖွံ့ဖြိုးသောအခွင့်အလမ်းနှင့် အကျိုးကျေးဇူးများကိုသိမြင်ဆောင်ရွက်လာစေရန်၊ SME များ၏ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားကုန်သွယ်မှုတိုးတက်မြင့်မားစေရေးအစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် SMEs များနီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Trade Promotion မှ International Market အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိအားကစားကွင်း၌ (၂၃.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့ အထိ ပထမအကြိမ်အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ၏ ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
posted date : ၂၈-၀၂-၂၀၁၈
posted by : IT Tester
State/Region : နေပြည်တော်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဂျာမနီနိုင်ငံ၊ GIZ အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ရှိ SME များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်အကျိုးရှိစေ မည့် Saturday SME Talk ဟောပြောဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိရာ ဒဿမအကြိမ်မြောက် Saturday SME Talk ဟောပြောဆွေးနွေးပွဲကို (၁၆.၉.၂၀၁၇) ရက်နေ့၊ စနေနေ့တွင် အမှတ် (၅)၊ သလ္လာဝတီလမ်း၊ (၇) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Centre of Excellence ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး SME လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
posted date : ၁၉-၀၉-၂၀၁၇
posted by : IT Tester
State/Region : နေပြည်တော်