(၂၆.၁၂.၂၀၁၆)ရက်နေ့တွင် ရုံးအမှတ်(၄၁)၊ အစည်းအဝေးခန်းမ၌ Soft Skill Capacity Upgrading သင်တန်းတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပြည်နယ်၊ တိုင်းဒေသကြီးများမှ ဦးစီးဌာနမှူးများ နှင့် SME Lead များ၊ ရုံးချုပ်မှ အရာထမ်းများ၊ စုစုပေါင်း (၆၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။
posted date : ၀၈-၀၁-၂၀၁၇
posted by : IT Tester
State/Region : နေပြည်တော်
ILO အဖွဲ့အစည်းနှင့်ပူးပေါင်း၍ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ Work Improvement for Small Enterprise (WISE) ဆရာဖြစ်သင်တန်းအား (၆.၁၂.၂၀၁၆) မှ(၈.၁၂.၂၀၁၆) ရက်နေ့ထိ ကျင်းပပေးခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
PUM Netherlands Senior Expert အဖွဲ့နှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ စဉ့်အိုးထုတ်လုပ်သည့် SME လုပ်ငန်းရှင်များအား (၄.၁၂.၂၀၁၆) မှ (၁၇.၁၂.၂၀၁၆)ရက်နေ့ထိ စျေးကွက်ဝင်အရည်အသွေး ကောင်းမွန်သောစၿဉ့်ထည်များ ထုတ်လုပ်မှုနည်းပညာကို ပံ့ပိုးပေးသည့် သင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ စဉ့်ထည်ထုတ်လုပ်သည့် လုပ်ငန်းရှင် စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍ (၂၁.၁၁.၂၀၁၆) ရက်နေ့မှ (၂၃.၁၁.၂၀၁၆) ရက်နေ့ထိ ရန်ကုန်မြို့ရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ Stakeholder Collaboration Training ကို သင်တန်းသား (၂၀) ဦးဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့် ပူးပေါင်း၍ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေ မှတ်တမ်းများအားစုစည်း၍ Activity Booklet Annual Report (2016)အား ပြည်သူလူထုသို့ ထုတ်ပြန်နိုင်ရန်(၁၈.၁၁.၂၀၁၆) ရက်နေ့တွင် Annual Report ပြုလုပ်နိုင်ရန်အတွက် Core Team အဖွဲ့ဝင်များဖြင့် ရန်ကုန်မြို့ရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ Annual Report Initial Workshop ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
ဂျာမနီနိုင်ငံ FNF အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် (၂.၁၁.၂၀၁၆) ရက်နေ့မှ (၈.၁၁.၂၀၁၆)ရက်နေ့အထိ နေပြည်တော်ရုံးအမှတ်၊ (၃၇)၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်း(၈၄) ဦးအား Strengthening Capacity Building Training of Staffs, who serve for SMEs Development သင်တန်းကို ပြုလုပ်ကျင်းပပေးခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
Hamsahub အဖွဲ့အစည်းနှင့် ပူးပေါင်း၍ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် (၂၀.၁၁.၂၀၁၆) ရက်နေ့တွင် ရန်ကုန်မြို့၊ Center of Excellence ၌ လုပ်ငန်းရှင် (၁၅) ဦး အား Stylish Sunday; Personal Grooming Classic for Business Women သင်တန်းကို ပြုလုပ်ကျင်းပပေးခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
PUM Netherlands Senior Experts အဖွဲ့နှင့် ပူးပေါင်း၍ အရည်အသွေးပြည့်မီသော ဆန်စပါးထုတ်လုပ်နိုင်ရန်အတွက် (၂၀.၁၁.၂၀၁၆) ရက်နေ့မှ (၂.၁၂.၂၀၁၆) ရက်နေ့ထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင် (၂၀) ဦးအား နိုင်ငံတကာစျေးကွက်ဝင် ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှုနည်းပညာပံ့ပိုးပေးခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ပူးပေါင်း၍ SME လုပ်ငန်းရှင်များမှ တင်ပြတောင်းဆိုလာသော ဒေသထွက်ကုန်များအားတန်ဘိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် (၁၈.၁၁.၂၀၁၆) ရက်နေ့တွင်ရန်ကုန်မြို့၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန သင်တန်းခန်းမ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ SME လုပ်ငန်းရှင် (၁၆၁) ဦးအား စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာများ (ဟင်းသီး ဟင်းရွက်၊ ဟင်းခတ်မှုနှင့်ထုတ်လုပ်ခြင်းနည်းပညာ၊ ပဲနို့ရည် ထုတ်လုပ်မှုနည်းပညာ၊ အုန်းသီး Jelly ထုတ်လုပ်မှုနည်းပညာ၊ ပိန္နဲသီးခြောက်ပြုလုပ်သည့်နည်းပညာ) အား ပံ့ပိုးပေးခဲ့ပါသည်။
posted date : ၂၂-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့စက်မှုဇုန်ခန်းမ၌ လုပ်ငန်းရှင်များနှင့် လုပ်ငန်းစတင်ထူထောင်လိုသူများအတွက် Business Plan Creation and Strategy Development Training အား ကျင်းပပြုလုပ်ခဲ့ပါသည်။
posted date : ၁၅-၁၂-၂၀၁၆
posted by : IT Tester
State/Region : နေပြည်တော်