သတင်းများ

စက်မှုဇုန်ဥပဒေကြမ်းဆိုင်ရာ အစည်းအဝေးကျင်းပခြင်း

Posted Date : ၁၇-၀၃-၂၀၂၀
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/da468169a9e906942890cb4631537bea.png

         ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စက်မှုဇုန်ဥပဒေကြမ်းဆိုင်ရာ အစည်းအဝေးကို ၁၆.၃.၂၀၂၀ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပပါသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် ပြည်ထောင်စုလွှတ်တော် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။




da468169a9e906942890cb4631537bea.png